စီ (အက္ခရာ)
ပုံပန်းသွင်ပြင်
C | |
---|---|
C c | |
(See below) | |
အသုံးချမှု | |
စာရေးသားခြင်းစနစ် | လက်တင်စာလုံး |
အမျိုးအစား | အက္ခရာပုံစံ |
မူလဘာသာစကား | လက်တင်ဘာသာ |
အသံထွက်အသုံးပြုမှု | [c] [k] [t͡ʃ] [t͡s(ʰ)] [d͡ʒ] [ʃ] [s̝] [ʕ] [ʔ] [θ] Others |
ယူနီကုဒ်တန်ဖိုး | U+0043, U+0063 |
အက္ခရာစဉ်လိုက်နေရာ | ၃ ဂဏန်းတန်ဖိုး: ၃ |
ရာဇဝင် | |
တိုးတက်မှု | |
ကွဲပြားမှုများ | (See below) |
အခြား | |
နှီးနွယ်နံပါတ်များ | ၃ |
|
C သို့မဟုတ် c သည် အင်္ဂလိပ် လက်တင်အက္ခရာစဉ်၏ တတိယမြောက် အက္ခရာ ဖြစ်သည်။ စီ (/ˈsiː/) ဟူ၍ အသံထွက်သည်။ စာလုံးပေါင်း ခေတ်သစ်အင်္ဂလိပ်(Modern English)ရေးနည်းတွင် တခါတရံ cee ဟုစာလုံးပေါင်း၍ ရေးပြီး အများကိန်းကို cees ဟုရေးသားကြသည်။ [၁]
ရာဇဝင်
[ပြင်ဆင်ရန်]ဖနီးရှဲန်း (Phonecian) gaml |
အာရဗစ်ခ် (Arabic) ǧīm |
ဟီဘရူး (Hebrew) gimel |
ဂရိ (Greek) Gamma |
အတြစကဲန် (Etruscan) C |
ရှေးဟောင်းလက်တင် (old Latin) C (G) |
---|---|---|---|---|---|
Cသည် G မှဆင်းသက်လာသည်။ စီမစ်တစ် ဘာသာတွင် ဂမယ် ဟု ခေါ်သည်။ ဤသင်္ကေတသည် အီဂျစ်အရုပ်စာသင်္ကေတ၏ လောက်လေးခွကဲ့သို့ ကျောက်ခဲတုံးကြီးများထည့်၍ ပစ်ခတ်နိုင်သော လောက်လွှဲ ပုံသဏ္ဌာန်မှ ဖြစ်လာခြင်း ဖြစ်နိုင်သည်။ အခြားဖြစ်နိုင်ချေတစ်ခုမှာ စီမစ်တစ်တို့ ရေးဆွဲထားခဲ့သည် ကုလားအုတ်ပုံမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ အဘယ့်ကြောင့် ဆိုသော် စီမစ်တစ်ဘာသာတွင် C ကို ဂမယ်ဟု ခေါ်သောကြောင့်ဖြစ်သည်။ ဂမယ် ဟူသည် အင်္ဂလိပ်ဘာသာဖြင့် camel ဟုရေး၍ အဓိပ္ပာယ်မှာ ကုလားအုတ်ဖြစ်သည်။
အသုံးပြုပုံ
[ပြင်ဆင်ရန်]- C ကို အပူချိန်တိုင်းတာရာ၌ °C (ဒီဂရီ စင်တီဂရိတ်) သင်္ကေတအဖြစ်အသုံးပြုကြသည်။
- ဓာတုဗေဒ ပညာရပ်တွင် ကာဗွန်၏ သင်္ကေတအဖြစ်အသုံးပြုသည်။
- ရူပဗေဒ ပညာရပ်တွင် အသေးသည် အလင်း၏ အမြန်နှုန်းကို တိုင်းတာရာတွင် သင်္ကေတ တစ်ခုအနေဖြင့် အသုံးပြုကြသည်။ E=mc² သည် အလင်းမြန်နှုန်းတိုင်းတာရန် ညီမျှခြင်းတစ်ခုဖြစ်သည်။
- C♯ သည် ဂီတသင်္ကေတအမှတ်အသားတစ်ခုဖြစ်သေးသည်။
- အိုင်တီလောက၌ C (programming language) ကို စက်မောင်းစနစ်များတွင်သုံးရန် C++ဟူသည့် သင်္ကေတဖြင့်အသုံးပြုသည်။ မူပိုင်ခွင့်ဥပဒေ ကို သတ်မှတ်ရန်အတွက် C သင်္ကေတကို သုံးသည်။
- ရောမ ဂဏန်းသင်္ကေတ များတွင် C သည် ၁၀၀ ဟုသတ်မှတ်ထားသည်။
- ကွန်ပျူတာ ယူနီကုဒ် စနစ်အတွက် ယူနီကုတ်အမှတ် U+0043 ဖြင့် "C" အကြီးကို သတ်မှတ်၍ "c"အသေးကို U+0063အဖြစ် သတ်မှတ်ထားသည်။[၂]
မူပိုင်ခွင့်ရည်ညွှန်း သင်္ကေတအဖြစ်လည်း C သင်္ကေတကို သုံးသည်။ |
ကွန်ပျူတာသုံးကုဒ်များ
[ပြင်ဆင်ရန်]နမူနာ | C | c | ||
---|---|---|---|---|
ယူနီကုဒ် အမည် | LATIN CAPITAL LETTER C | LATIN SMALL LETTER C | ||
Encodings | decimal | hex | decimal | hex |
ယူနီကုဒ် | 67 | U+0043 | 99 | U+0063 |
UTF-8 | 67 | 43 | 99 | 63 |
Numeric character reference | C |
C |
c |
c |
EBCDIC family | 195 | C3 | 131 | 83 |
ASCII 1 | 67 | 43 | 99 | 63 |
- 1 ASCII encoding အပေါ်အခြေခံပြီး ၎င်းနှင့် အမျိုးအစားဆင်တူသော encoding များ (DOS, Windows, ISO-8859 and Macintosh မိသားစုတွင်ပါဝင်သော encoding များ)
စီ (အက္ခရာ) ကို အခြားနည်းဖြင့် ဖော်ပြချက်များ
[ပြင်ဆင်ရန်]NATO ဖိုနက်တစ် | မော့စ် သင်္ကေတ |
Charlie |
ရေကြောင်းသုံးသင်္ကေတအလံ | အလံနှစ်ခုသုံး အချက်ပြသင်္ကေတ | ဆွံ့အနားမကြားလက်သင်္ကေတ (AMA သို့မဟုတ် ASL) | Braille dots-14 မျက်မမြင်သင်္ကေတ (UEB) |
ကိုးကား
[ပြင်ဆင်ရန်]- ↑ "C" Oxford English Dictionary, 2nd edition (1989); Merriam-Webster's Third New International Dictionary of the English Language, Unabridged (1993); "cee", op. cit.
- ↑ C - Simple English Wikipedia, the free encyclopedia