2MASS
အခြား အမည်များ | Two Micron All-Sky Survey |
---|---|
လေ့လာမှု အမျိုးအစား | astronomical catalog, astronomical survey |
ပစ်မှတ် | ဂယ်လက်ဆီ, ကြယ်ပုညို |
အဖွဲ့အစည်း | University of Massachusetts Amherst, Infrared Processing and Analysis Center, နာဆာ |
ထုတ်ဝေ | ၂၀၀၃ |
လေ့လာမှုများ | Fred Lawrence Whipple Observatory, SMARTS 1.3-meter Telescope |
လှိုင်းအလျား | ၁.၂၃၅, ၁.၆၆၂, ၂.၁၅၉ |
ဒေတာ ထုတ်ကုန်များ | ပုံရိပ်, astronomical catalog |
ဝဘ်ဆိုဒ် | ipac.caltech.edu/2mass/ |
ဝီကီမီဒီယာ ကွန်မွန်းစ်ရှိ ဆက်စပ်မီဒီယာများ | |
Two Micron All-Sky Survey သို့မဟုတ် 2MASS သည် အနီအောက်ရောင်ခြည် ရောင်စဉ်ဖြင့် ကောင်းကင်တစ်ခုလုံးအား နက္ခတ္တဆိုင်ရာ လေ့လာရေး စီမံကိန်းတစ်ခုဖြစ်သည်။[၁] ယင်းသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အမေရိကန်၌ Fred Lawrence Whipple Observatory တွင်လည်းကောင်း၊ ချီလီနိုင်ငံ Cerro Tololo Inter-American Observatory ၌လည်းကောင်း ၁.၃ မီတာရှိ တယ်လီစကုပ်ကို အသုံးပြုကာ ကမ္ဘာတောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းအသီးသီးတို့တွင် လေ့လာခဲ့သည်။[၂]
2MASS သည် နေအဖွဲ့အစည်းရှိ ဂြိဟ်သိမ်များ၊ ကြယ်ပုညိုများ၊ ထုထည်နည်းကြယ်များ၊ ကြယ်အစုအဝေးများ၊ ဂလက်ဆီများ၊ နက်ဗျူလာများအပါအဝင် နက္ခတ္တဆိုင်ရာ object ပေါင်း ၃၀၀ မီလီယံအား စာရင်းပြုစုမှတ်တမ်းတင်ပေးခဲ့သည်။ ယင်းအပြင် အခြား အရာဝတ္ထုပေါင်း ၁ မီလီယံကျော်အားလည်း 2MASS Extended Source Catalog တွင် မှတ်တမ်းတင်ခဲ့သည်။ မှတ်တမ်းဝင် အရာဝတ္ထုများကို "2MASS" ဟုရှေ့တွင်တပ်၍ စာရင်းပြုစုသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ About 2MASS (A Brief Explanation of 2MASS)။ University of Massachusetts, Infrared Processing and Analysis Center (JPL/ Caltech), NASA, NSF (2006-02-01)။ 2008-09-21 တွင် ပြန်စစ်ပြီး။
- ↑ Two Micron All Sky Survey (2MASS)။ NASA/IPAC Infrared Science Archive။ 2011-10-22 တွင် ပြန်စစ်ပြီး။