[go: up one dir, main page]

Academia.eduAcademia.edu

CCNA -

ဒီစာအုပ်လေးကတော့ ကျွန်တော်တို့ Facebook Group က Admin ကိုဇင်မျိုးရေးသားထားသည်များကို အလွယ်တကူလေ့လာနိုင်အောင် Ebook တစ်ခုအနေနဲ့ပြုလုပ်ထားတာပါခင်ဗျ…သင်ခန်းစာ (၁)မှ (၈)အထိပါဝင်ပါတယ် နောက်ထပ်ရေးသားမည့် သင်ခန်းစာများကိုလည်းဆက်လက်ပြီးတင်ပေးသွားပါမည်…ကျွန်တော်တို့ ကွန်ပျူတာနှင့်နည်းပညာဆွေးနွေးခန်း သို့ Member ဝင်လိုပါက https: / / www.facebook.com/ groups/ talks.I T/ ကိနှိုပ်ပါ … နည်းပညာလေ့လာလိုသူများအားလုံးကိုဖိတ်ခေါ်လျှက် (Myanmar Techno Library)/ CCNA အထောက်အကူပြုသင်ခန်းစာ ( ၁) အားလုံးပဲ မင်္ဂလာပါ... သင်ခန်းစာ (၁) ကနေ ဘယ်အထိရောက်မယ်မှန်းမသိတဲ့ သင်ခန်းစာတစ်ခုကို ကျွန်တော်စပြီး အစပျိုးလိုက်ပါတယ်... ရေးချင်နေတာ ပြင်ဆင်နေတာ တော်တော်ကို ကြာပါပြီ... စိတ်ပါဝင်စားတဲ့သူတွေအတွက် အနည်းငယ် အသုံးတည့်မယ် ဆိုရင်ပဲ ကျွန်တော် ဒီသင်ခန်းစားတွေကို ရေးရကျိုးနပ်ပြီလို့ မျှော်လင့်ပါတယ်... ရှည်ရှည်ဝေးဝေး ဘာမှပြောမနေတော့ဘူး စပြီဗျာ... ၁။ ဒီသင်ခန်းစာကို လေ့လာမယ်ဆိုရင် သင့်အနေနဲ့ အနည်းဆုံး networking အခြေခံနားလည်ထားဖို့ လိုပါမယ်... ၂။ Packet Tracer ဆိုတဲ့ Software ရှိထားရပါမယ်... မရှိရင် အောက်ကလင့်ခ်မှာဒေါင်းပါ ဘယ်သူ တင်ထားလဲတော့မသိဘူး ရှာတွေ့လို့ ပေးလိုက်တာပါ... Cisco Packet Tracer 6.0.1 ဒီမှာဒေါင်းပါ... ဒါဆိုရင် ကျွန်တော်တို့ အတူတူ ရှေ့ဆက်လို့ ရပါပြီ... ကျွန်တော် ဒီသင်ခန်းစာတွေကို သင်ပေးတယ်လို့ မသုံးနှုန်းပါဘူး... မျှဝေတယ်လို့ ပဲ ခံယူထားပါတယ်... ဒါကြောင့် ကျွန်တော့်ထက် Cisco ပိုင်းမှာ Senior ပိုကျတဲ့ ဆရာ/ဆရာမ အားလုံးကို ထောက်ပြ ဝေဖန် ပြန်မျှဝေဖို့ တောင်းဆိုပါတယ် အမှားပါရင် အားနာ စရာလုံးဝမလိုပဲ ဆော်နိုင်ကြပါတယ်ခင်ဗျာ။ Cisco ဆိုတာ... လက်ရှိကမ္ဘာလောကရဲ့ I T - Networking နေရာမှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နေရာ ယူထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ...။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ အခြေစိုက်ထားပြီးတော့ အခုချိန်မှာ Cisco လို့ ပြောလိက်ုရင် နည်းပညာသမားတိုင်းက မသိသူ မရှိသလောက် ရှားပါးလောက်အောင်ပဲ နေရာယူထားတဲ့ ကုမ္ပဏီကြီးတစ်ခုပါ... ဘယ်လောက် အထိနေရာ ယူထားသလဲဆိုရင် မကြာသေးတဲ့ နှစ်တွေတုန်းက မြန်မာပြည်ကနည်းပညာသမားတွေ ပါးစပ်ဖျားမှာ ရေပန်အစားဆုံးဖြစ်ခဲ့ တဲ့ Microsoft ရဲ့ စာမေးပွဲတွေဖြစ်တဲ့ MCSA/ MCSE စတဲ့ စကား လုံးတွေတောင် အခုချိန်ခါမှာ မှေးမှိန်သွားရလောက်တဲ့ အထိပါပဲ... ဘာကြောင့်များ Cisco ဟာ နည်းပညာ လောကမှာ ဒီလောက်အရှိန်အဟုန် ကောင်းကောင်းနဲ့ ထိုးဖောက် ရပ်တည်လာနိုင်ရသလဲလို့ ကြည့် လိုက်ရင် (ကျွန်တော့်ရဲ့အမြင်ပါ) အောက်ပါ အချက်လေးတွေ သွားတွေ့ရပါတယ်...  Cisco ဟာ Microsoft လိုမျိုး Server Base အားပြုထားတဲ့ Network ပညာရပ်မဟုတ်ပါဘူး...  Cisco ဟာ လုံခြုံရေးအပိုင်းမှာ အလွန်ကောင်းမွန်ပြီး နာမည်ကောင်းရထားတဲ့ အဖွဲ့ပါ...  ၀န်ထမ်းအင်အားတောင့်တင်းပြီး Customer Service အရမ်းကောင်းပါတယ်...  Software (I OS) တင်မဟုတ်ပဲ Hardware (Devices) တွေပါတစ်ပြိုင်နက်တည်း ထုတ်လုပ်ထားလို့ အရမ်းကို အဆင်ပြေလှပါတယ်...  Router, Ethernet-Switch, Voice (I P phone), Data Center Level, I SP Level တွေအထိ Small to Enterprise Level အစုံအတွက်ရပ်တည်ပေးထားပါတယ်...  Cisco ရဲ့ ကျွမ်းကျင်မှုစစ်ဆေးတဲ့ စာမေးပဲဟွာလည်း Standard မြင့်မားတဲ့အပြင် ခက်ခဲမှုတွေ လည်းပြည့်နှက်နေပါတယ်  Cisco ရဲ့ ဘာသာရပ်တွေက Networking ရဲ့ လိုအပ်ချက်တွေအားလုံးကို ခြုံငုံပြီးသင်ကြားတာဖြစ် လို့ Networking သမားတိုင်းအတွက် အကျိုးများလှပါတယ်... (I nternetwork ဆိုတဲ့ သင်ကြားမှု တွေပြည့်လျှံနေလို့ ပါပဲ. ..) ညွှန်းတာ နည်းနည်းများသွားပြီထင်တယ်... ကျွန်တော်သိသလောက်/စဉ်းစားမိသလောက် ချရေးလိုက် တာပါ... သေချာတာတော့ ပိုသွားတာမရှိပါဘူး လိုသွားတာပဲရှိမှာပါ... Cisco က အဲလောက်အထိကို စိတ၀် င်စားဖို့ ကောင်းပါတယ်... အားနည်းချက်ကတော့ - အလွန်တရာမှ ဈေးနှုန်းမြင့်မားပါတယ်... Hardware, Exam, Plugins ရှိရှိသမျှသော Support တွေအားလုံးက ဈေးနှုန်းကြီးမြင့်လှပါတယ်... တော်ရုံအဖွဲ့ အစည်းတွေအနေနဲ့ ၀ယ်ယူတပ်ဆင်ဖို့ မလွယ်ကူတဲ့ အနေအထားပါပဲ... နောက်ထပ် စာမေးပွဲအကြောင်းလေး ရှင်းပြပါဦးမယ်... Cisco မှာ စာမေးပွဲအားဖြင့် ကျွန်တော်သိသလောက် CCNA/ CCNP/ CCI E စသည်ဖြင့် အဆင့်ဆင့် ရှိပါတယ်... CCNA ကိုမှ ၂ ပိုင်း ထပ်ခွဲလို့ ရပါသေးတယ်... CCENT (entry) ဆိုတဲ့ အဆင့်ကို အရင်ဆုံးလေ့လာ ဖြေဆိုပြီးမှာ CCNA အဖြစ်ရောက်အောင် တစ်ဆင့်ချင်းဆီ သွားလို့ ရသလို... မြန်မာပြည်က ဆရာ/ဆရာမ တွေလိုမျိုး CCNA ကိုတန်းပြီးဖြေချင်တယ်ဆိုလည်းရပါတယ်... CCNA ကို တန်းဖြေမယ်ဆိုရင် < CCENT (I CDN 1 and 2)> ကိုလေ့လာပြီးဖြေရမှာဖြစ်ပါတယ်... CCNA စာမေးပွဲနံပါတ်ကတော့ 200- 120 ဖြစ်ပါတယ်... အဲဒါအသစ်ပါ ၂၀၁၃ ခုနှစ် ဂျူလိုင်လမှာ 640- 802 ဆိုတဲ့ CCNA စာမေးပွဲ(အဟောင်း)က expired ဖြစ်သွားခဲ့ပါပြီ... ဒါကြောင့် အသစ်တွေ အားထပ်ဖြည့်ထားတဲ့ CCNA 200- 120 ကိုဖြေဆိုနိုင်ကြပါပြီ... Cisco မှာ ဘာတွေသင်ကြားနိုင်သလဲဆိုရင်... Routing and Switching (မြန်မာပြည်မှာခေတ်အစားဆုံး) Security (ဒုတိယခေတ်အစားဆုံး) Voice Wireless Provider , etc အဲလိုများစွာရှိပါတယ် ဒါအကုန်လုံးမဟုတ်ပါဘူး ကျန်ပါသေးတယ်... အကယ်၍ CCNA ကို လွန်မြှောက်သွားလို့ CCNA certified ဖြစ်သွားတာကိုမှ အားမရသေးဘူးဆိုရင် CCNP လို့ ခေါ်တဲ့ နောက်တစ်ဆင့်ကို ဆက်တက်လို့ ရပါသေးတယ်... အားမရသေးဘူးလား... ကျန်သေးတယ်... CCI E ထပ်ပြီးအားမရသေးဘူးလား... မြန်မာပြည်မှာတော့ ဖြေမရသေးဘူးထင်တယ်... Architecture Level ဆိုတာရှိပါသေးတယ်... ကဲ ဒီလောက်နဲ့ ပဲ သင်ခန်းစာ (၁) ကို ရပ်နားလိုက်ပါတယ်... စိတ၀် င်စားသူရှိ သည်ဖြစ်စေ စိတ၀် င်စားသူမရှိသည်ဖြစ်စေ ကျွန်တော် အချိန်ရရင် ရသလောက် ရေးသွားမှာဖြစ်ပါတယ်... CCNA - Cisco Certified Network Associate CCNP - Cisco Certified Network Professional CCI E - Cisco Certified I nternetwork Expert သူငယ်ချင်းများအားလုံးရဲ့ ဇင်မျိုး CCNA အထောက်အကူပြုသင်ခန်းစာ (၂) သင်ခန်းစာ (၂)မှာ ကျွန်တော် ရှင်းပြချင်တာက အခြေခံ network အကြောင်းလေးပါ... အဲဒါကတော့ Network ဆိုတာဘာလဲ... Multi Network ဆိုတာဘာလဲ... I nternet Network ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းလေးတွေပါ... သိပြီးသား ဆရာ/ဆရာမတွေအတွက် ရီစရာပေါ့... ဒါပေမယ့် အခြေခံ နည်းနည်းလေး ပိုသိသွားအောင် သင်ခန်းစာ တစ်ခုထည့်ထားတယ်ပဲ မှတ်ပေးကြပါကုန်... Network Network ဆိုတာ ကွန်ယက်ချိတ်ဆက်ခြင်းပါ... မြန်မာလိုပြန်လိုက်တော့ နည်းနည်းရှုပ်တာပေါ့နော်... ဘယ်ကွန်ယက်တွေချိတ်ဆက်တာလဲဆိုပြီး မေးစရာရှိလာမှာပေါ့... ဒါပေမယ့် ကျွန်တော်အခုရှင်းပြတာ လေးကို နားလည်မယ်ဆိုရင် နောက်ဆို Network ဆိုတာရဲ့ အခြေခံ အိပ်ရာတစ်ရေးနိုးလည်း မြင်ယောင် သွားမှာပါ... ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ကွန်ပြူတာကို သူ့ဖာသာတစ်လုံးတည်း သီးသန့်တည်ရှိနေတာကို... Stand Alone လို့ ခေါ်ပါတယ်... မှတ်ထားပေးနော် အခေါ်အဝေါ်လေး Stand Alone ပါ... အကယ်၍များ အဲ့ဒီ Stand Alone ၂ ခုကို ချိတ်ဆက်လိုက်ပြီဆိုရင်တော့ Network ဖြစ်သွားပါပြီ... ဒါအလွယ်ဆုံးမှတ်သားတဲ့နည်းပါပဲ... ဘယ်လိုလဲဆိုတာ မြင်သာအောင် ပုံနဲ့ ဖော်ပြပါ့မယ်... Network ကဲ Network ဆိုတာ နားလည်သွားပြီထင်ပါတယ်... အဲ့ဒီမှာမှ နည်းနည်းထပ်ရှည်ချင်ပါတယ်သေးတယ်.. ဗဟုသုတပေါ့ဗျာ... အပေါ်က Network ဆိုတဲ့ ပုံမှာချိတ်ထားတာက Network Cable နဲ့လိုမြင်ပေးပါ... အကယ်၍ Network Cable နဲ့မဟုတ်ပဲ အဲ့ဒီ Computer နှစ်ခုကြားမှာ ကြိုးမပါပဲ Diskette နဲ့ Data တွေ ကူးပြောင်းခဲ့တဲ့ခေတ်တုန်းက အဲ့ဒီ စနစ်ကို Sneakernet လို့ လည်းခေါ်သေးတယ်ဗျ... နောက်ထပ် ထပ်လျှာရှည်ရရင် Computer ၂ လုံးကို Serial Cable နဲ့ တိုက်ရိုက်ချိတ်ဆက်ရင် အခေါ်အဝေါ်က DCC (Direct Cable Connect) လို့ ခေါ်သေးတယ်ဆိုတာလေး ဗဟုသုတရအောင် မျှဝေပါတယ်... Multinetwork ဟုတ်ပြီ... Network ကတော့ရှင်းသွားပါပြီ (ထားပါတော့)... နောက်ထပ် Multinetwork ဆိုတာလေး တစ်ဆင့်ထပ်တိုးရှင်းပြချင်သေးတယ်... ပုံလေးအရင်ကြည့်လိုက်ပါဦး... Multinetwork Computer ၂ လုံးတည်းမကတော့ပဲနဲ့ Computer တွေ ချိတ်ဆက်ထားတာကိုတော့ အခု ခေါင်းစဉ် အတိုင်းပဲ Multinetwork လို့ ခေါ်ပါတယ်... နားလည်တယ်ဆို နောက်တစ်ဆင့်ထပ်သွားပါ့မယ်... I nternetwork Cisco တင်မကပါဘူး... Network သမားတိုင်းအတွက် အသက်လိုပဲ နားလည်သဘောပေါက် သင်ယူ ရမဲ့ I nternetwork ပါပဲ ပုံကြည့်လိုက်ရင် ရှင်းလင်းသွားမှာပါ... ဒါပေမယ့် တကယ့်လက်တွေ့မှာဆိုရင် I nternetnetwork ဆိုတာကြီးနဲ့ပဲ ချာလပတ်ရမ်းနေမယ်ဆိုတာ အာမခံပေးလိုက်ပါတယ်... အဲလိုပြော လိုက်လို့ လဲ ကြောက်မသွားပါနဲ့ဗျ... သေချာစိတ်ပါဝင်စားမယ်ဆိုရင် တအားကြီးလည်း ခက်လှတယ် မဟုတ်ဘူးပေါ့... I nternetwork ရှင်းပြရင်ရင်တော့ Multinetwork တွေကို အပြန်အလှန်ချိတ်ဆက်ထားတာကို I nternetwork လို့ ခေါ် တယ်ပေါ့... ဒီသင်ခန်းစာအတွက်တော့ ဒီလောက်ပါပဲခင်ဗျ... နောက်ပိုင်း ပိုပြီး ခေါင်းစားမှာတွေချည်းပဲ လာမှာဖြစ်လို့ ဒီသင်ခန်းစာ ဒီမှာပဲ နားပါရစေ... သူငယ်ချင်းများအားလုံးရဲ့ ဇင်မျိုး CCNA အထောက်အကူပြုသင်ခန်းစာ (၃) Network Card အကြောင်းလည်းထည့်သွင်းပြီး မျှဝေချင်ပါတယ်… Network Card အကြောင်းပြောရရင် အရင်ဆုံး Ethernet Standard ကိုဖြစ်ပေါ်စေခဲ့တဲ့ ကုမ္ပဏီတွေကို ဗဟုသုတ မိတ်ဆက်ပေးချင်ပါတယ် အဲ့ဒီ ကုမ္ပဏီတွေကတော့… Digital Equipment Corporation (DEC), I ntel, Xerox ဆိုတဲ့ ကုမ္ပဏီတွေပါပဲ… အဲကဒီ ကုမ္ပဏီတွေရဲ့ ကြိုးပန်းမှုကြောင့် Ethernet Standard ဟာ မျက်ဝါးထင်ထင် အလွန်အသုံးဝင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး သူတို့ ရဲ့နာမည်တွေနဲ့ ပဲ Ethernet Standard ကို ပိုမိုသိရှိလာခဲ့ကြတယ်… အဲဒီ နာမည်ကတော့ အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ “DI X” ဆိုတဲ့ နာမည်ပါပဲ… ကုမ္ပဏီ ၃ ခုရဲ့ ရှေ့ဆုံး နာမည်တွေကိုယူပြီးတော့ ဖြစ်ပေါ်လာခဲ့တာပါပဲ…ဒါဆိုရင် ကျွန်တော် အောက်မှာဆက်ရေးပေးမှာက Network Card နဲ့ သူတို့ ရဲ့Speed တွေပဲဖြစ်ပါတယ်… (သိပြီးသား ဆရာ/ဆရာမ တွေ ငြိမ်ငြိမ်လေးနေပြီး ကျော်သွားလိုက်ကြပါ… : D )  Ethernet - 10 Mbps  Fast Ethernet - 100 Mbps  Gigabit Ethernet - 1000 Mbps (or) 1 Gbps  Multigigabit Ethernet - 10 Gbps ဆိုပြီးတော့ ကျွန်တော် ၄ မျိုး သိထားပါတယ်… Generation တွေ မွေးဖွားလာလိုက်တာ အခုဆို 10 Gbps အထိရောက်ရှိလာပါပြီ… နောက် ဘယ်လိုတွေ မယုံနိုင်စရာထပ်ဖြစ်လာ မလဲကတော့ စောင့်ကြည့်ကြတာ ပေါ့…နောက်တစ်ခုက Network Card မှာပါရဲ့ အရေးအကြီးဆုံးအရာတစ်ခုလို့ ပြောလို့ ရတဲ့ MAC အကြောင်းပါ… MAC = Media Access Control လို့ ခေါ်ပါတယ်… သူကို ကျွန်တော်တို့ အမြဲသုံးနေကျ Window (Microsoft Platform) နဲ့ Linux (Open Source) တွေမှာ အခေါ်အဝေါ်လေး ၂ မျိုး ကွဲပြားပြီးတွေ့မြင်ရပါတယ်… Microsoft Platform - Linux Platform Physical Address - Hardware Address ဆိုပြီးတော့ ကျွန်တော် အသုံးအနှုန်း ၂ မျိုး မြင်ဖူးပါတယ်… အခု MAC address အကြောင်းနည်းနည်း ထပ်ရှင်းပြပါ့မယ်… MAC Address က အလုပ်လုပ်တာ HEXA (ဟက်ဇာ) နဲ့ဖြစ်ပါတယ်… သူမှာ Block - 6 ခုရှိပြီးတော့… Bit အားဖြင့်တော့ 48 bit ဖြစ်ပါတယ်… အောက်က ဇယားလေးကိုကြည့်ပါ… HEXA 0 to F (Zero To F) Block 6 block Bit 48 bit 00 00 00 00 00 00 8bit 8bit 8bit 8bit 8bit 8bit 00 = 1 block (00 နှစ်ခုကို 1 block လို့ ခေါ်ပါတယ်… အားလုံး block 6 ခုရှိတယ်ဆိုတာ အဲဒါကိုပြောတာ ပါ… 0 = 4 bit (Zero တစ်လုံးမှာ 4bit ရှိပါတယ်…) 00 = 8 bit (Zero နှစ်လုံးဆိုတော့ 8 bit ပေါ့…) 8 bit ကို 6 block ရိတှ ယ်ဆိုတော့ 8 x 6 = 48 bit လို့ တွက်လိုက်တာဖြစ်ပါတယ်… အဲလောက်ဆိုရင် ရှင်းမယ်ထင်ပါ တယ်… မရှင်းလည်း အစကပြန်ဖတ်နော်… : D အခု ကျွန်တော် HEXA ကို BI NARY တွက်ပြပါ့မယ်… MAC address ကို Binary ပြောင်းတဲ့ပုံစံပေါ့… တခြား နေရာတွေမှာလည်း HEXA to BI NARY ပြောင်းတတ်သွားမှာပါ… လွယ်ပါတယ် တူတူလိုက်တွက်ကြည့်ပါ… HEXA Binary 0 0000 1 0001 2 0010 3 0011 4 0100 5 0101 6 0110 7 0111 8 1000 9 1001 A 1010 B 1011 C 1100 D 1101 E 1110 F 1111 ဒါက ကျွန်တော်အလွယ်မြင်အောင်ရေးပေးတာပါ… WI KI ကနေကူထားတဲ့ Table လေးလည်းထပ်ကြည့်ပါ ဦး… ပိုရှင်းသွားမလားပဲ… အားလုံး အဆင်ပြေနိုင်ကြဖို့ မျှော်လင့်ပါတယ်… အချုပ်အားဖြင့်တော့ Network Card ဆိုတာကို သာမာန်သိထားတာထက်စာရင် ဒီလိုလေး နည်းနည်းအသေးစိတ်လိုက်တော့ ပိုပြီး အသုံးဝင် မယ်ထင်မိလို့ပါ… Ref : WI KI Ref : WI KI သူငယ်ချင်းများအားလုံးရဲ့ ဇင်မျိုး CCNA အထောက်အကူပြုသင်ခန်းစာ (၄) Components of Network သင်ခန်းစာ (၄)မှာ ရှင်းပြချင်တာတွေကတော့ Components of Network လို့ ခေါ်တဲ့ Network ရဲ့ အသုံးဝင် တဲ့အစိတ်အပိုင်း(အကြမ်းဖျဉ်း)တွေပဲဖြစ်ပါတယ်… ဘာတွေရှိနိုင်သလဲဆိုတာ တူတူရှေ့ဆက်ကြည့်တာပေါ့…  Network Services (File Sharing, Printer Sharing, အစရှိတာတွေ…)  Transmission Media (Cable/ Wireless/ Radio Frequency, အစရှိတာတွေ…)  Protocol ပထမတစ်ခကု တော့ ရှင်းပါတယ်… Network ကနေ လုပ်ဆောင်ပေးတဲ့ ဆားဗစ်တွေကိုပြောချင်တာပါ… ကွန်ပြူတာတစ်လုံးကနေ နောက်တစ်လုံးကို Network မှနေပြီးတော့ File တွေလှမ်းပို့ လှမ်းယူ လုပ်ဆောင်တာတွေ… ပရင်တာတစ်လုံး တည်းကို လူတစ်ယောက်မက ချိတ်ဆက်အသုံးပြုချင်တာတွေမှာ အဲဒီ Services ကိုအသုံးပြုရပါတယ်… ဒုတိယတစ်ခကိုတော့ နည်းနည်းရှင်းပြချင်ပါတယ်… Cable ဖြင့်ချိတ်ဆက်ခြင်း (transmission media) အပေါ်ကပုံမှာပြထားတာကို ကွန်ပြူတာနှစ်လုံး Network Cable (ကြိုး) နဲ့ချိတ်ဆက်ထားတယ် လို့ မြင်ပေးပါ… အဲဒါဆိုရင် Cable က Transmission Media တစ်မျိုးပေါ့… ကြိုးမဲ့ချိတ်ဆက်ခြင်း (transmission media) အဲဒါဆိုရင် အပေါ်ကပုံလိုမျိုး Wireless Router တစ်လုံးကနေ Laptop တွေက Wifi Signal တွေဖမ်းယူ ကြတယ်… အဲဒါဆိုရင် Transmission Media ကဘာဖြစ်နိုင်မယ်ထင်လဲဗျ… (ကိယု့် ဖာသာ မေးပြီး ပြန်ဖြေ ရရင်တော့) အဖြေက လေ ပါပဲ… Air = Transmission Media ပါပဲ… တနည်းအားဖြင့်ထပ်ချဲ့ကားပြီး ပြောရမယ်ဆိုရင် Radio Frequency တွေဟာ Transmission Media တွေပါပဲ… နောက်ဆုံး တတိယတစ်ခကု Protocol… နည်းပညာလောကမှာ အမြဲလိုလိုထိတွေဆက်ဆံနေရမဲ့ စကားလုံးတွေ ထဲမှာ ထိပ်ဆုံးစာရင်းဝင်လို့ ခေါ်နိုင်တဲ့ Protocol ပါ... Protocol ဆိုတာ ဘာများပါလိမ်ဆိုပြီး မသိတဲ့ လူတွေရှိခဲ့ မယ်ဆိုရင် ကျွန်တော်ရှင်းပြတာလေး ခဏဖတ်လိုက်ရင် ရှင်းသွားနိုင်မယ်ထင်ပါတယ်… ဥပမာ - ကျွန်တော်က မြန်မာပြည်သားတစ်ယောက်ပေါ့… လမ်းသွားရင်းနဲ့ ဂျပန်ကြီးတစ်ယောက်နဲ့ တွေ့တယ် ဆိုပါဆို့ သူက ကျွန်တော့ကို သူမသွားတတ်တဲ့ နေရာတွေမေးတယ်… ဂျပန်ကြီးပါဆိုမှ ဂျပန်လိုမေးမှာပေါ့… အဲ့ဒီမှာ စတွေ့တာပဲ ကျွန်တော်က ဂျပန်စကားနားလည်းမလည်ဘူး တတ်လည်းမတတ်ဘူး… အဲဒါဆိုတော်တော် စကားပြောဆို ဆက်ဆံရခက်ပါပြီ… ဒါပေမယ့် ကျွန်တော်တစ်ခုသွားသတိရမိတယ်… အဲဒါကတော့ ကျွန်တော် အင်္ဂလိပ်လို မတတ်တစ်ခေါက်ပြောတတ်တယ်… သူ့ကိုလည်း အင်္ဂလိပ်လိုရလားမေးကြည့် လိုက်တယ် အင်္ဂလိပ်လိုတတ်သလားပေါ့… သူကလည်းပဲ အင်္ဂလိပ်လိုရတယ် ဆိုတော့ တော်တော်လေးအဆင်ပြေသွားတယ်… သူမေးတဲ့ သူသွားချင်တဲ့ နေရာကို ကျွန်တော် အင်္ဂလိပ်လိုညွှန်ပေးလိုက်နိုင်ပြီ… ဇာတ်လမ်းကတော့ပြီးပြီ… ပုံလေးကိုဆက်ကြည့်တာ ပေါ့… Protocol (ကြားခံ communication program တစ်ခု) အဖြေတန်းပြီးပြောရရင်တော့ English Language က Protocol ပါပဲ… ထပ်ရှင်းပြရရင် Communication အဆင်ပြေ အောင်ပြုလုပ်ပေးတဲ့ Program ကို Protocol လို့ ခေါ်တာပါ… အားလုံး အဆင်ပြေနားလည်မယ်ဆိုရင် ရေးရ ကျိုးနပ်ပါပြီဗျာ… ဒီလောက်နဲ့ နားပါရစေဦး… နောက်ထပ်အခန်းများမျှော်ပေးပါဦး… သူငယ်ချင်းများအားလုံးရဲ့ ဇင်မျိုး CCNA အထောက်အကူပြုသင်ခန်းစာ (၅) OSI 7 Layer Network သမားတွေရဲ့ အသက်လို့ ပဲသုံးပါရစေ… ဒီ Layer ၇ ခုကိုမှ သေချာမသိရင် Network တင်မကပါဘူး နည်းပညာလောကမှာပါ မျက်နှာငယ်ရပါလိမ့် မယ်… OSI 7 layer ကဘယ်လောက်အထိအရေးကြီးသလဲဆိုရင် အသေးစိတ်ရှင်းပြချက်စာအုပ်ဟာ စာမျက်နှာ ၂၀၀ ကျော်ရှိပါတယ်… (ဒီထက်များတာလည်း ရှိနိုင်ပါတယ်…) ဒါပေမယ့် အခု ကျွန်တော်သိသလောက် ရှင်းပြမဲ့ (ကျွန်တော်သိသလောက်ဖြစ်တဲ့ ) OSI 7 Layer ကတော့ အရမ်းကို အတိုးချုံးလွန်းပါလိမ့် မယ်… ဒါကလည်း ကျွန်တော်တတ်သလောက် မှတ်သလောက်ကို ချရေးပြ တာပါ… မှားတာပါရင်လည်း သင်ပေးလှည့် ပါဦး… (7) Application Layer (A) (6) Presentation Layer (P) (5) Session Layer (S) (4) Transport Layer (T) (3) Network Layer (N) (2) Data Link Layer (D) (1) Physical Layer (P) အလွယ်တကူ ကျက်လို့ ရအောင် ကွင်းစ ကွင်းပိတ်ထဲက စာလုံးလေးတွေလည်း မှတ်ထားနိုင်ပါတယ်… နောက် တစ်နည်းက All People Seem To Need Data Processing ဆိုတဲ့ စာကြောင်းလေးပါ… ဒါကတော့ Network လေ့လာလိုက်စားနေတဲ့သူတွေ အားလုံးအသိပဲမလို့ ထပ်ပြီးလျှာမရှည်တော့ပါဘူး… (7) Application Layer လက်ရှိခေတ်မှာ ကျွန်တော်တို့ အသုံးပြုနေတာတွေက တကယ့်ကို Web GUI mode တွေပါ… အသုံးပြုရတာ အရမ်း ကိုလွယ်ကူသွားပါပြီ… အဲဒီလို User တွေဖြစ်တဲ့ ကျွန်တော်တို့ တစ်တွေ အလွယ်တစ်ကူအသုံးပြုနိုင်အောင် ဘာသာပြန်ပေးတဲ့ Layer ကို Application Layer လို့ ကျွန်တော်သတ်မှတ်ပါတယ်… (6) Presentation Layer တကယ်တော့ အရှညြ် ကီးရှင်းပြရမှာ အဲလောက်လည်း မတတ်ပါဘူး… ဒါကြောင့် အတိုလေးပဲ မှတ်လိုက်ကြ ရအောင်… မတူညီတဲ့ ပုံစံနှစ်ခုကို ပြောင်းလဲပေးတာ… အင်္ဂလိပ်လိုရေးရမယ်ဆိုရင် Network To Application Format Convert Layer လို့ ပဲ ကျွန်တော်သတ်မှတ်ပါတယ်… (5) Session Layer Duplex Method ကိုလေ့လာကြည့်ပါ Session Layer ကို ထင်သာမြင်သာ လုံးဝကိုတွေ့ရပါလိမ့် မယ်… ဒီ layer ရဲ့သဘောကိုက Logical Connection ပြုလုပ်ပေးတာပဲလို့ ကျွန်တော်သတ်မှတ်ပါတယ်… (4) Transport Layer အချက်အလက်တွေကို Pack လုပ်ပေးတာက Transport Layer ရဲ့လုပ်ဆောင်ချက်လို့ ကျွန်တော်သတ်မှတ် ပါတယ်… (3) Network Layer Path တွေကိုရှာဖွေပေးတဲ့ Layer ပါ… နောက်တစ်နည်း ထင်သာမြင်သာရှိအောင်ပြောရရင် Routing လုပ်ငန်းစဉ်ရဲ့ အဓိက Layer ပါပဲ… လမ်းကြောင်းရှာပေးတာကို Network Layer လို့ ကျွန်တော်သတ်မှတ် ပါတယ်… (2) Data Link Layer တော်တော်အရေးကြီးတဲ့အပိုင်းပါ… Phyical Device တွေက Network ကိုနားလည်အောင် Convert လုပ…် တစ်နည်းအားဖြင့် Translate လုပ်ပေးတဲ့ layer ကို Data Link Layer လို့ ကျွန်တော်သတ်မှတ်ပါတယ်… (1)Physical Layer သူငယ်ချင်းတွေ Binary တွေကို မှတ်မိဦးမယ်ထင်ပါတယ်… Binary ဆိုတာသည် 0(zero) နဲ့ 1(one) ပါပဲ… အဲဒီ 0011 စတဲ့ Binary တွေကို ပို့ ဆောင်တဲ့ လုပ်ငန်း လုပ်ဆောင်ပေးတာ Physical Layer လို့ ကျွန်တော် သတ်မှတ်ပါတယ်… နောက်ထပ် ကျွန်တော်နည်းနည်းထပ်ပြီး လျှာရှည်ချင်ပါသေးတယ်… OSI 7 Layer ကို ၂ မျိုးခွဲထုတ်တဲ့ အကြောင်းလေး ပါ… အဲဒါကတော့ Upper Layer နဲ့ Lower Layer ပါပဲ… Upper Layer မှာ ဘာတွေပါမလဲဆိုရင် All People Seem သုံးခုပါပါတယ်… Lower Layer ကတော့ To Need Data Processing ပါ… ၄ ခုပေါ့… ဖြစ်နိုင်မယ်ဆို ရင်တော့ I nternet သို့ မဟုတ် Ebook တွေမှာ အသေးစိတ်ရှာဖွေလေ့လာကြပါဦးလို့ အကြုံပြုလိုပါတယ်.. အားလုံးပဲ အောက်က ပုံလေးကြို ကည့်ရင်း နားလည်သဘောပေါက်နိုင်ကြပါစေလို့ အကြံပြုရင်း နိဂုံးချုပ် ပါရစေဦး… (ဓါတ်ပုံအားလုံး အင်တာနက် မှရှာထားတာဖြစ်ပါတယ်...) သူငယ်ချင်းများအားလုံးရဲ့ ဇင်မျိုး CCNA အထောက်အကူပြုသင်ခန်းစာ (၆) Subnetting ကျော်သွားချင်ပေမယ့် ကျော်သွားခွင့် မရတဲ့အခန်းတစ်ခုပေါ့… အရေးကြီးတာသိပါတယ် စာမေးပွဲမှာလည်း Subnetting ကိစ္စအများကြီးပါဝင်တယ်ဆိုတာလည်း ဟုတ်ပါတယ်… ဒါကြောင့်မလို့ မကျော်သွားတော့ပဲ အကောင်းဆုံး ရေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်… Subnet ခွဲတယ်ဆိုတာအလွယ်တကူပြောရရင်တော့ I P class တူနေရင်တောင် network မမိအောင်လုပ်ခြင်း လို့ ပဲ ကျွန်တော်အရှင်းဆုံးအနေနဲ့ ပြောချင်ပါတယ်… အောက်ကပုံကိုကြည့်ပါ… အပြာနောက်ခံက အဆောက်အဦးလို့ မှတ်ပေးပါ… အမဲရောင်က အခန်းတွေပေါ့… အဲ့ဒီအခန်း ၅ ခန်းအတွက်ကို ကွန်ပြူတာ အလုံး ၃၀ စီသုံးချင်တယ်… တစ်ခန်းနဲ့ တစ်ခန်းကိုလည်း I P တူနေပေမယ့် network မမိစေချင်ဘူး ဒါဆိုရင်တော့ subnet ခွဲလိုက်တာအဆင်အပြေဆုံးပါပဲ… Subnet ခဲဖွ့ို အရေးအကြီးဆုံး အချက်တွေမှတ်ထားပေးပါ… အောက်မှာရေးပေးထားပါတယ်… n 1. · Number Of Network (2 ) 2. · Host Per Network (2 – 2) n Number Of Network ဒီနှစ်ခုသိထားရင် တော်တော်အလုပ်ဖြစ်ပါပြီ… ဒါဆိုရင် Subnet ခွဲပါတော့မယ်… ကျွန်တော်တို့ Subnet ခွဲမဲ့ I P ကို 192.168.1.0/ 24 ဆိုပြီး မှတ်ထားပေးပါ… တစ်ပုဒ်တွက်တတ်ရင် ကျန်တာအကုန်တွက်တတ်မှာပါ (လို့ ယူဆပါတယ်)… 192.168.1.0 ဆိုရင် subnet mak က ဘာဖြစ်မလဲဆိုရင် 255.255.255.0 ဖြစ်မယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ… ဒါဆိုရင် ကျွန်တော်တို့ Number Of Network ကို စတွက်ကြည့်ပါမယ်… Number Of Network ကိုတွက်မယ်ဆိုရင် အရင်ဆုံး အောက်က ဇယားလေးတော့ အလွတ်ရနေရပါမယ်… 128 64 32 16 8 4 2 1 27 26 25 24 23 22 21 20 128 192 224 240 248 252 254 255 ဒါဆိုရင် ကျွန်တော်တို့ ပုံကိုပြန်ကြည့်ကြည့်ပါ… ခွဲမယ့် network အရေအတွက်သည် ၅ ခုဖြစ်ပါတယ်… အခန်းအားဖြင့်ပြောရရင် ၅ ခန်းပေါ့… အဲဒါဆိုရင် 2n = 23 ပါ… ဘာဖြစ်လို့ လဲဆိုတော့ အခန်း ၅ ခန်းခွဲမယ် ဆိုရင် ၅ မှမပါတာ… ဟုတ်ပါတယ်… ၅ မပါပေမယ့် ၅ ထက်ကြီးတဲ့ ၈ ပါပါတယ်… အဲဒါကြောင့် ၅ ခန်းခွဲချင်ရင် 23 နဲ့တွက်ရပါမယ်… ဒါဆိုရင် Number Of Network တွက်လို့ ပြီးပါပြီ… Host Per Network ဒါဆိုရင် Host Per Network တွက်ပါမယ်… ဒါကလည်း အပေါ်က ဇယားလေးကိုပဲ အသုံးပြုမှာပါ စပါမယ်… အခန်းထဲမှာ ကွန်ပြူတာ ဘယ်နှစ်လုံးထားမယ်…? အလုံး ၃၀ နော်… 30 subnet လို့ ရေးထားတယ်လေ… အဲဒါဆိုရင် အပေါ်မှာရေးပေးထားတဲ့ ပုံသေနည်းကို ကြည့်ရအောင်… 2 n – 2 နော်… ဒါဆိုရင် အလုံး ၃၀ ထွက်အောင် ပါဝါ ဘယ်လောက်ထဲကနှုတ်ရမလဲ စိတ်တွက်တွက်ကြည့်လိုက်မယ်ဆိုရင် 32 – 2 = 30 ဆိုတာ လွယ်လွယ်လေးတွက်လို့ ရတယ်လေ… အဲဒါဆို ဇယားမှာ 32 ပါလားကြည့်လိုက်ပါ… 32 သည် 25 ပါပဲ… ဒါကြောင့် 25 – 2 ပေါ့… (32 – 2 = 30) အဲဒါကြောင့် Host Per Network ကို လွယ်လွယ်ကူကူတွက်သွား နိုင်ပြီလို့ ယူဆပါတယ်… (အကယ်၍ အလုံး ၄၀ ဆိုရင် ဘယ်လိုလုပ်မလဲ… လွယ်ပါတယ်… 26 ကိုပဲ သုံးရမှာ ပေါ့… 64 – 2 = 62 လုံး… Subnet 62 အနေနဲ့ ခွဲထုတ်လိုက်ယုံပါပဲ… ရှင်းမလားမသိဘူး…) ဒါဆို နောက်အဆုံးအဖြေရအောင် ခွဲထုတ်ကြရအောင်… 192.168.1.0/24 ပေါ့... ဒါပေမယ့် subnet က 255.255.255.0 ဖြစ်နေတယ်… အဲဒါက ဘာကိုပြောချင်တာ လဲဆိုရင် Host Per Network = 254 လုံးအထိသုံးလို့ ရနေတယ်လို့ ပြောချင်တာ… ဒါပေမယ့် ကျွန်တော်တို့ အခုလိုချင်တာက Host Per Network အလုံး ၃၀ အထိပဲ အများဆုံး ပေးသုံးချင်တာ… ဒါကြောင့် subnet ခွဲ ပါ့မယ်… ကျွန်တော့်လက်ရေးနဲ့ ပုံကိုသာကြည့်ပေးကြပါတော့ Word နဲ့ဘယ်လိုမှ ဆက်မရှင်းပြတတ်တော့ လို့ ပါ… (အားလုံးကို တောင်းပန်ပါတယ်…) ဒါအဖြေပါပဲ… အားလုံးပဲ မျက်စိရှင်းပြီး နည်းနည်းပိုနားလည်သွားအောင် နောက်ထပ် ဥပမာတစ်ခု ကျွန်တော် တွက်ထားတာလေး ကြည့်ကြည့်ပါဦး (အဲဒါကတော့ Host Per Network လိုချင်လို့ တွက်တဲ့ နည်းပါ...) Subnet အခန်းဟာ ကျွန်တော့်တော့အတွက် အရမ်းရှုပ်ပါတယ်... ဒါကြောင့် ကျွန်တော်ပြောပြထားတာတွေ နားမလည်ရင် မေးပါ… တတ်နိုင်သလောက် ပြန်ဖြေပေးပါ့မယ်... zmozmo@gmail.com သူငယ်ချင်းများအားလုံးရဲ့ ဇင်မျိုး CCNA အထောက်အကူပြုသင်ခန်းစာ (၇) Router I ntro ကဲ ဒီနေ့တော့ Cisco Router ဆိုတာကြီးကို စပြီး ထိတွေ့ပါတော့မယ်… တကယ်အပြင်မှာလုပ်နေရတဲ့ အတိုင်းလုပ်ရပါတော့မယ်… ဒါပေမယ့် ပထမဆုံး ပိုစ့် မှာပေးထားတဲ့ Packet Tracer ဆိုတာလေးတော့ စက်ထဲမှာ သွင်းထားပြီးသားဖြစ်ရပါမယ်… ဒါဆိုရပါပြီ… Router မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကို စပြီးရှင်းပြပါမယ်… အဲဒါတွေကတော့… 1. CPU 2. RAM 3. ROM 4. NVRAM 5. FLASH စသည်တို့ ပဲဖြစ်ပါတယ်… အဲဒီ တစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံလေးလည်း ထပ်ပြီး ရှည်လျားထွေပြား ပါဦးမယ်… CUP - ကွန်ပြူတာမှာပါတဲ့ CPU လိုပါပဲ… အဓိကကျတဲ့ တွက်ချက်မှုတွေကို လုပ်ဆောင်ပါတယ်… RAM - သူကတော့ ယာယီမှတ်ဥာဏ်လို့ ပဲပြောရမှာပေါ့… ဘာဖြစ်လို့ လဲဆိုတော့ သူက လက်ရှိ အလုပ်လုပ်နိုင်အောင်ပဲ ခဏမှတ်ထားပေးတာဖြစ်ပြီးတော့ ပါဝါပိတ်လိုက်ရင် ဘာမှမကျန်နိုင်တော့လို့ ပါ… ROM - သူ့မှာ Operating System လေးပါဝင်ပါတယ်… ပြီးတော့ Power On Self Test လုပ်ပါ တယ်… နောက်တစ်ခုက Bootstrap ဆိုတဲ့ အဆင့်ပါဝင်ပါတယ်… Bootstrap ကတော့ Operation System ရှိမရှိရှာတဲ့အလုပ်ကိုလုပ်တဲ့ အပိုင်းကိုတာဝန်ယူတဲ့ ကောင်ပါ… NVRAM - သူ့ကို အနီးကပ်ဆုံးတူအောင်ပြောရရင် Computer တွေမှာတပ်ဆင်ထားတဲ့ Hard-disk နဲ့တူပါပါတယ်… သူက permanent storage ပါ… ကိုယ်ပြောင်းလိုက်တဲ့ Router, Switch တွေရဲ့ Setting အားလုံးကို NVRAM ထဲသွားပြီး မှတ်ပေးမှ power ပိတ်လိုက်လည်း Setting တွေမပျောက်ပျက်မှာဖြစ်ပါ တယ်… FLASH - သူကတော့ Cisco ရဲ့ I nternetworking Operating System ကို သိမ်းထားတဲ့ နေရာပါပဲ… ဒါဆိုရင် ကျွန်တော်တို့ Router I nterface လေးတွေကို ဆက်လေ့လာကြည့်ကြရအောင်… အရင်ဆုံး အောက်မှာပြထားတဲ့ ဓါတ်ပုံကိုကြည့်ပေးပါ… ကျွန်တော် တစ်ခုချင်းစီ ပြန်ရှင်းပြပါ့မယ်… Power ဆိုတာကတော့ရှင်းပါတယ်… ကျွန်တော်တို့ ပါဝါပလပ် တပ်ရမဲ့နေရာပါ… AUX ကတော့ Router တွေတစ်လုံးနဲ့တစ်လုံး အဝေးကြီးကနေ လှမ်းထိန်းတဲ့အခါမျိုးကျမှ အသုံးများပါတယ် ဥပမာ - ရန်ကုန်က Cisco Router ကနေပြီးတော့ အင်တာနက်ကွန်နက်ရှင်ကနေတစ်ဆင့် မန္တလေးက Cisco Router ကို ကြားခံ Modem တွေနဲ့ ၀င်ပြီး Configure လုပ်ချင်တဲ့ အခါမျိုးမှာပေါ့… (ဒါ ကျွန်တော်သိသ လောက်ပြောတာနော်…) Console ကတော့ ကျွန်တော်တို့ လက်ရှိ Cisco သမားတိုင်း သုံးနေတဲ့ port လို့ တောင် ပြောလို့ ရပါတယ်… ကွန်ပြူတာဆိုင်တွေကနေ Console Cable လေးတစ်ချောင်းဝယ်လိုက်ပါ… Network ခေါင်းတစ်ဖက် Serial ခေါင်းတစ်ဖက်ပါတဲ့ ကြိုးလေးတစ်ချောင်းပါပဲ… အဲဒါကို Console Cable လို့ ခေါ်ပါတယ်… ကြိုးတစ်ဖက်က Network ခေါင်းကို Router ရဲ့ Console မှာတပ်ပြီးတော့ ကြိုးနောက်တစ်ဖက်က serial ခေါင်းကို ကွန်ပြူတာ ရဲ့ serial port မှတပ်ပြီး သုံးရုံပါပဲ… fa0/ 0 and ga0/ 0 ဒီအသုံးအနှုန်းက နည်းနည်းတော့ စိမ်းနေဦးမှာပါ… ဒါပေမယ့် မကြာခင်ရင်းနှီးသွားမယ် လို့ အာမခံပေးလိုက်ပါတယ်… FA – Fast Ethernet, GA – Gigabit Ethernet port တွေပဲဖြစ်ကြပါတယ်… ဒီ Speed တွေကတော့ သိပြီးသားဖြစ်နေမှာ သေချာနေလို့ ထပ်မရှည်တော့ပါဘူး… Cisco Router Level Mode Cisco Router မှာ အဓိက အားဖြင့် Mode 5 မျိုးရှိပါတယ်… (အိုအီးရှီ၊ de dee၊ အဲလို မုန့် တွေ ပြောတာ မဟုတ်ဘူးနော်…) : D  User Mode (execute mode)  Privilege Mode  Global Configure Mode  Setup Mode  Specific Mode စတဲ့ ၅ မျိုးပဲဖြစ်ပါတယ်… ဒါဆိုရင် စပြိးစမ်းကြည့်ရအောင်ပါ… Packet Tracer ကိုဖွင့် လိုက်ပါ… ပြီးရင် အောက်မှာပြထားတဲ့ ပုံတွေအတိုင်း လိုက်လုပ်ကြည့်လိုက်ပါဗျာ… ပုံထဲကအတိုင်း (1) ကိုနှိပ်လိုက်ပါ… အဲဒါဆို ညာဘက်လေးမှာ Router တွေကျလာပါလိမ့် မယ်… အဲဒီထဲကမှ 2911 ဆိုတဲ့ (2) လို့ ပြထားတဲ့ Router ကို Drag လုပ်ပြီး (3) နေရာမှာ Drop လုပ်လိုက်ပါ… ပြီးသွားရင် Router ကို တစ်ချက်နှိပ်လိုက်တာနဲ့ ပုံထဲကလို နောက်ထပ် Menu တွေနဲ့ Box တစ်ခုထပ်ပေါ် လာပါလိမ့် မယ်… အဲဒီပုံမှာကြည့်ပါ ကျွန်တော် အနီနဲ့ ၀ိုင်းပြထားတဲ့ Power Button ပါ… ပြောချင်တာက တကယ့် Cisco Router တစ်ခုကိုင်တွယ်နေ့သလိုမျိုး Power မဖွင့် ရင် ဘာမှအလုပ်မလုပ်တာ… Power ဖွင့် ထားလျှက်နဲ့ Slot တွေထပ်စိုက်လို့ မရတာ… အစရှိတဲ့ Real Cisco Devices တွေကိုင်နေရသလိုခံစားစေ ရမယ်ဆတိုာ ပြောပြချင်တာပါ… အိုကေ ဒါဆို ကျွန်တော်တို့ နောက်ထပ်ပုံတစ်ပုံသွားကြည့်မယ်… Menu ထဲက CLI ဆိုတဲ့ အထဲသွားလိုက်ရင် I OS ကို Loading လုပ်နေတာကို တွေ့ရမှာပါ… # # # ဒီ သင်္ကေတ တွေနဲ့ ပါ… တကယ့် Device တွေမှာလည်း အဲဒီအတိုင်းပါပဲ… ဒီမှာမေးတာက dialog နဲ့သွားမလားမေးတာပါ… အခုတော့ no လို့ ပဲရိုက်ပြီးရှေ့ဆက်ကြပါမယ်… နောက်ပိုင်း အချိန်ရရင် Yes နဲ့စမ်းကြည့်ကြပေါ့ ဘာတွေထူးလာမလဲဆိုတာ သိသွားပါလိမ့် မယ် Router > ဆိုပြီး ဒီလို > မျှားခေါင်းလေးနဲ့တွေ့ရပါလိမ့် မယ်… အဲဒါ အပျော်ထည့်ထားတာမဟုတ်ပါဘူး အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ Mode တွေထဲက ပထမဆုံး Mode ဖြစ်တဲ့ User Mode (or) User Execute Mode ဖြစ်ပါတယ်… enable လို့ ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ… အဲဒါသည် Router ထဲကို Login စ၀င်တာ ပါပဲ… ဒီပုံထဲက ? (question mark) ကိုမမေ့ပါနဲ့… အမြဲတမ်း သင့်ကိုကူညီနေမဲ့ Sign တစ်ခပုါ… တစ်ခုခုမေ့တိုင်း (သို့ ) မသိတိုင်း ? လေးနဲ့ Router ကိုမေးနိုင်ပါတယ်… နောက်ဆုံးမှာ --More-ဆိုတာလေးတွေ့တယ်နော်… အဲဒါက သိချင်ရင် ကျန်သေးတယ် စာမျက်နှာမလောက်လို့ ဆိုတဲ့ သဘောပါ… --More-- လို့ ပေါ်လာရင် ကီးဘုတ်က Space Bar လေးတစ်ချက်ခြင်း နှိပ်ပြီးဆက်ကြည့်လို့ ရပါတယ်… နောက်ဆို ကျွမ်းကျင်သွားမှာ ပါ… Router# ဒီမှာ sign က အသစ်ပါ… # ဒီပုံစံလေးက နောက်ထပ် Mode တစ်မျိုးကို ကိုယ်စားပြုပါတယ်… အဲဒါကတော့ Privilege Mode ထဲရောက်နေပြီဆိုတာ သိရပါမယ်… နောက်ပိုင်း သင်ခန်းစာတွေမှာ ကျွန်တော် Mode တွေနဲ့ ပဲတောက်လျှောက်ပြောသွားတော့မှာဖြစ်လို့ ဒီ သင်ခန်းစာကိုတော့ သေချာလေး ဖတ်မှတ် စေချင်ပါတယ်… Router# config ဆိုပြီး တွေ့မယ်ထင်တယ်နော်… အဲဒါက နောက်ထပ် Mode တစ်ခုကိုသွားဖို့ ရိုက်နေတဲ့ command ပါ… ပုံမှာရှင်းပြထားတာကိုကြည့်ပါ… ကျွန်တော်ဘာလို့ configure terminal ကို အပြည့် မရိုက် ထားသလဲဆတိုာ ရှင်းသွားပါလိမ့် မယ်… ဒီပုံက Router ကို I P address ပေးဖို့ အတွက် လိုအပ်တဲ့ command (အရေးကြီး) တစ်ခုပါ … I P မပေးခင် လုပ်ရမဲ့အဆင့်က ဘာလဲဆိုရင် ကိုယ်ဘယ် Port (network port) ကို I P ပေးမလဲဆိုတာသိဖို့ လိုပါတယ်… သိပြီးရင် အဲဒီ port ထဲက၀ို င်ရပါတယ်… အဲဒီ Port ထဲရောက်မှ I P ပေးလို့ ရတာပါ… အခု ကျွန်တော်ပုံထဲမှာ gigabit Ethernet 0/ 0 ဆိုတဲ့ port ကို I P address ပေးချင်လို့ ၀င်မယ့် command ပါ… 0/ 0 ဆိုတာရှင်းပြ ချင်ပါတယ်… အဲဒါကတော့ Router မှာပါတဲ့ Port အရေအတွက်ကို တွက်တာပါ… အကယ်၍ fast ethernet အပေါက် ၂ ပေါက်ပါတယ်ဆိုရင် ဖြစ်နိုင်ချေက fast ethernet 0/ 0 and fast ethernet 0/ 1 အဲလိုပါ… အခု ဒီ router မှာ gigabit ethernet က ၂ပေါက်ပါပါတယ် ဒါဆို giga ether 0/ 0 and giga ether 0/ 1 ဆိုပြီး Cisco က နံပါတ်တပ်ပေးထားပါတယ်… အဲလောက်ဆိုသဘောပေါက်ပြီထင်ပါတယ်… Command ကတော့ ပုံထဲက အတိုင်းပါပဲ… > Enable (enter – user mode) # Configure terminal (enter – privilege mode) (config)# interface fast ethernet 0/ 0 (or giga ethernet 0/ 0) (enter - global configuration mode) ဒီသင်ခန်းစာရဲ့ နောက်ဆုံးပုံပါ… I P address ပေးတဲ့ command ပါ… I P address ပေးတဲ့အခါ ကွန်ပြူတာ တွေမှာပေးသလိုပါပဲ I P ချည်းပဲ ပေးလို့ မရပါဘူး… Subnet လေးပါ တွဲပြီးပေးရပါတယ်… mode ကတော့ (config-if)# ဆိုပြီးပြောင်းသွားပါပြီ… Setup Mode ပါ… ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်… command line အနေနဲ့တော့… > Enable (enter – user mode) # Configure terminal (enter – privilege mode) (config)# interface fast ethernet 0/ 0 (or giga ethernet 0/ 0) (enter - global configuration mode) (config-if)# ip address 192.168.1.1 255.255.255.0 (enter – setup mode) သူငယ်ချင်းများအားလုံးရဲ့ ဇင်မျိုး CCNA အထောက်အကူပြုသင်ခန်းစာ (၈) photo ref : internet ဖတ်တဲ့ သူတွေ (ဖတ်လားလည်းမသိ မဖတ်လားလည်းမသိ) အဆင်ပြေလားမသိ မပြေလားမသိ စွတ်ရေးနေတာ နံပါတ် (၈) တော့ရောက်လာပြီ… ကိုယ် တိုင်လည်း ကိုယ့် ဖာသာ ခဏခဏပြန်မဖတ်ဖြစ်တော့ အဆင်ပြေကြပါ့မလားတောင်မသိဘူး… အားနာနာနဲ့ ဆက်ရေးပါရစေဦး… အရင်အပတ်က packet tracer ကို မြည်းစမ်းပြီးပြီဆိုတော့ ဒီတစ်ပတ်တော့ အခေါ်ဝေါ်တွေ စိမ်းမနေတော့ ဘူးလို့ စိတ်ချလိုက်ပါပြီ… ဒါကြောင့် router တစ်ခုလောက် packet tracer မှာ ဖွင့် ပြီး CLI ထဲဝင်ထားပေး ပါ… ဒီတစ်ပတ်အတွက် command လေးတွေ တူတူ ရိုက်ကြတာပေါ့… အရင်ဆုံး user mode ကနေ enable နဲ့ဝင်လိုက်ပါ… Privilege Mode ကိုရောက်ပြီဆိုရင် အောက်က command လေးစမ်းရိုက်ထည့်ကြည့်ပါ… Router> enable Router# show version ကူးပြရမှာတွေ များနေလို့ ကိုယ့် ဖာသာကြည့်လိုက်ပါ အဲဒီထဲက အရေးကြီးတာလေးတွေပဲ ကူးပြီးရှင်းပြသွား ပါ့မယ်… ROM: System Bootstrap, Version 15.1(4)M4, RELEASE SOFTWARE (fc1) cisco2911 uptime is 43 seconds အဲဒီမှာပြထားတာက ROM အကြောင်းပေါ့… ROM မှာပါဝင်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါ တယ်… ရှေ့သင်ခန်းစာတွေမှာပါပြီးသားပါ… System image file is "flash0:c2900-universalk9-mz.SPA.151-1.M4.bin" ဒါကတော့ Flash file ပါပဲ… တနည်းအားဖြင့် I OS ဖိုင်ပေါ့… အဲဒီ flash file ရှိနေလို့ သာ Cisco router တွေ အကောင်းဆုံးလည်ပတ်နေနိုင်တာပါ… နောက်ထပ်တနည်းအားဖြင့် အသက် ပေါ့ဗျာ… ဒါတွေကတော့ show version မှာကြည့်ရင် မြင်တွေ့ရမဲ့ အရေးကြီးအပိုင်းတွေပါ… ကိုယ်တိုင်လည်း ရိုက်ပြီး လေ့လာကြည့်ပါဦး… ကျွန်တော်ရှင်းပြတာထက်အများကြီး ပိုတဲ့ အရာတွေ တွေ့ရပါလိမ့် မယ်… နောက်ထပ် command တစ်ခု… Router# show flash: Flash အနောက်မှာ : ပါတယ်နော်… အဲဒါကိုရိုက်ကြည်လိုက်ရင် တွေ့ရမှာကါ အပေါ်က show version မှာပါပြီးသား Flash File ကိုပဲတွေ့ရမှာပါ အဓိကကတော့ Flash ကြီးပဲ သီးသန့် ကြည့်ချင်ရင် ကြည့်လို့ ရ အောင်လုပ်ထားတဲ့ Command ပါပဲ… (Flash File နာမည်က .bin နဲ့အဆုံးသတ်ပါတယ်…) Router# show ip interface brief ဒီ command ကတော့ Router မှာပါတဲ့ I P address ပေးလို့ ရတဲ့ interface ကို အကျဉ်းချုပ်အားဖြင့် ကြည့်လို့ ရတဲ့ command ပါ… I nterface I P-Address OK? Method Status GigabitEthernet0/ 0 unassigned YES unset GigabitEthernet0/ 1 unassigned YES unset administratively down down GigabitEthernet0/ 2 unassigned YES unset administratively down down YES unset administratively down down Vlan1 unassigned Protocol administratively down down ဒါအခုကျွန်တော်သုံးနေတဲ့ router မှာပါတဲ့ Network Port တွေပေါ့… အားလုံး Gigabit Ethernet ၃ ပေါက် ပါတယ်ပေါ့… အဲဒီအပေါက်တွေကို နံပါတ်တပ်ထားတာကတော့ 0/ 0, 0/ 1, 0/ 2 အဲလိုတွေထပ်ထား ပါတယ်… (Switch တွေမှာဆိုရင် ဥပမာ Port 24 ခုပါတယ်ဆိုရင် 0/0 to 0/ 24 အဲလိုမျိုးပါ…) နောက်လည်း အမြဲတမ်း ဒီလို ကိန်းဂဏန်းတွေ တွေကြုံနေကြရတော့မှာပါ… (vlan ကတော့ vlan သင်ခန်းစာမှ ဆက်ဆွေးနွေးပါ့မယ်…) I P-address ခေါင်းစဉ်အောက်မှာ unassigned လို့ ပြထားတာက I P မပေးရသေးဘူးလိုပြောထားတာဖြစ်ပါတယ်… OK? ကတော့ Port တွေ ကောင်းမကောင်းအခြေအနေ ပြတာပါ… Method Status ကတော့ unset ပေါ့… အဓိပ္ပါယ်က ဘယ် Method တွေနဲ့ အသုံးပြုချိတ်ဆက် သလဲပြတာပါ ကျွန်တော်တို့ က router အသစ်ဆိုတော့ ဘာမှကိုမရှိသေးဘူးပေါ့… Protocol က နည်းနည်းထူးခြားတယ်… Cisco router တိုင်းမှာ အမြဲမှတ်ထားရမှာက Network Port တွေကို အမြဲတမ်း Down ထားပါတယ်… အတိအကျပြောရရင် Shutdown လုပ်ထားပါတယ်… အဲဒါကို ကိုယ်တိုင် Manually အားဖြင့် command ရိုက်ဖွင့် ပေးမှ active ဖြစ်လာမှာဖြစ်ပါတယ်… ဒါကြောင့် Protocol မှာ administratively down ဆိုပြီး ပေါ်နေတာဖြစ်ပါတယ်… Router# show running-config ဒါကတော့ RAM ပေါ်မှာ အသုံးပြုနေတဲ့ configuration တွေကိုကြည့်တဲ့ command ပါ… interface GigabitEthernet0/ 0 no ip address duplex auto speed auto shutdown ဒါက show running-config ရဲ့ အစိတ်အပိုင်းတစ်ခုပါ… ပြောချင်တာက interface gigabit ethernet 0/ 0 ဆိုတဲ့ Network Port မှာ no ip address – I P သတ်မှတ်ပေးထားခြင်းမရှိပါဘူး… duplex auto – duplex mode ကတော့ Auto ဖွင့် ပေးထားပါတယ်… speed auto – speed လည်း သီးသန့် သတ်မှတ်ထားခြင်း မရှိပါဘူး… shutdown - ဒီ အပေါက်ကိုပိတ်ထားပါတယ်… : P : P : P အဲလိုပဲ ဘာသာပြန်ရမှာကိုး… ဒီလောက်ဆို ရှင်းမယ်ထင်ပါတယ်… (ဒီ command ကိုမှတ်ထားပါ… နောက်အမြဲသုံးရမဲ့အထဲမှာ ထိပ်ဆုံးက ပါပါတယ်…) Router# show startup-config startup-config is not present ဒီ command က NVRAM ဆိုတဲ့ (hdd လို permanent storage) ကိုကြည့်တာပါ… အရှေ့သင်ခန်းစာမှာ ပြောခဲ့ပါတယ်… RAM ပေါ်မှာ အသုံးပြုခဲ့သမျှ command တွေ အချက်အလက်တွေ အရာတွေအားလုံး Router Power ပိတ်လိုက်တဲ့ အချိန် မပျက်သွားအောင် copy ကူးပြီး သိမ်းလိုက်တာပါပဲ… (မြန်မာပြည်မှာ ဆိုရင်တော့ ဗြုန်းကနဲ မီးပျက်သွားချိန်တွေမှာ အောက်မှာ ကျွန်တော်ပြောမဲ့ command ကိုမေ့သွားခဲ့သည် ရှိသော် မျိုးကန်ပါပြီ… လုပ်ထားသမျှ ရေစုန်မျှောပါပြီ…) အခု startup-config is not present ဆိုပြီးပေါ်နေ တာကလည်း ကျွန်တော် RAM to NVRAM ကို copy မလုပ်ရသေးလို့ ပါ… ဒါဆို ဘယ်လို command မျိုးနဲ့ copy လုပ်ရမလဲဆက်ကြည့်ရအောင်… Router# copy running-config startup-config ဒီ command လေးပါ… command ကိုလုံးဝ မမေ့ပါနဲ့… သုံးဖို့ ကိုလည်း လုံးဝမမေ့ပါနဲ့… Destination filename [startup-config]? ဒီလိုလေးပေါ်လာပါလိမ့် မယ်… enter လေးတစ်ချက်ထပ် နှိပ်လိုက်ပါ… Building configuration... [OK] ဒါဆိုရင် အခုလို OK ဆိုပြီး copy ကူးပြီးသွားကြောင်းပြပါလိမ့် မယ်… ဒါဆို စိတ်ချလက်ချ မီးပျက်နိုင်ပါပြီ… အဲလေ… Router ကိုပိတ်လို့ ရပါပြီ… (မှတ်ထားပေးပါဦး… # write memory ဒါသည်လည်း copy ကူးတဲ့ command ပါပဲ… အလုပ်လုပ်ပုံ တစ်ပုံစံတည်းပါ…) အနှစ်ချုပ်ရမယ်ဆိုရင် ဒီ သင်ခန်းစာမှာ ကျွန်တော်ပြောသွားသမျှသည် # # # နဲ့ချည်းပဲဖြစ်ပါတယ်… အဲဒါ ဘာကိုပြောချင်တာလဲဆိုရင် Privilege Mode မှာချည်းပဲ သုံးသွားတာပါ… User Mode မှာမရသလိ…ု Global Mode မှာလည်း မရပါဘူး… (Global Mode မှာဆိုရင် do ခံသုံးရင်ရပါတယ်… do = ဒူးခေါင်း မဟုတ်ပါ… : D ဥပမာ - Router(config)# do show version အဲလိုမျိုးပါ…) သူငယ်ချင်းများအားလုံးရဲ့ ဇင်မျိုး